၁. "ခဏကျမှ" ဆိုတာကနေ "ခုချက်ချင်း " လို့ပြောင်းလိုက်ပါ

ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ ...စောင့်နေ အုံးမယ်ဆိုရင် တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ။ ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကိုခုချက်ချင်း လုပ်ပစ်လိုက်ပါ။

၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ

ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ရင်ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ် ။ အဆိုတော် " ကို အငဲ တို့ ကိုလေးဖြူ "တို့ လည်း အမေဝမ်းကမွေးလာတာနဲ့ တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက် ်ပါဘူး ။လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ ။သူတစ်ပါးလုပ်နိုင်ရင် ကိုယ် လည်း လုပ်နိုင်ရပါမယ် ။

 

၃. "စမ်းလျှောက် ကြည့်ပါ "

ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျှောက်ကြတဲ့အခါ ( လဲကျ တာ ရှိမယ် နာကျင်တာရှိမယ် ) တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ် ။အရင်ပုံ စံ အတိုင်းပဲ လုပ်နေမယ်ဆိုရင် အကျိုးအမြတ် က လည်း နဂို အတိုင်း ပဲဖြစ်နေပါလိမ့်မယ် ။ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ် .. ဆိုရင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်တတ်ရပါမယ် ။

၄. နမူနာ ရှာပြီး " သူ့ဦးနှောက် ကိုဖောက်လာ ပါ "

သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့ အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း? သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့ ။

၅. မိမိကိုယ်ကို "ရင်းနှီးမြုပ်နှံပါ "

စာအုပ် တစ်အုပ် ၁၀၀၀၀ ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ် ။ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခ ၁၀၀၀၀ ကျပ် အရမ်းဈေးကြီးနေတယ် လို့ထင်ကောင်းထင်မိလိမ့်မယ်။ဒါပေမဲ့ ကျွန်တော်တို့ iphone တို့ Galaxy Note တို့ လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ် ။ ဟောပြော ချက်တွေ က အိုင်ဒီယာကောင်းကောင်းတွေ စာအုပ်ထဲကနည်းလမ်းကောင်း ကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေနိုင်ပါတယ် ။အိုင်ဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန် နည်းပါးလွန်းပါတယ် ။ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံတာဟာ အင်မတန်အရေးကြီးပါတယ် ။

၆. ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ

" ကိုယ်ဟာဘယ်သူလဲ "
"ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ " ဆိုတာကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲ ဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုရင်မမိုက်တာတော့ အသေအချာပါပဲ ။Key ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ တွေ့ရှိဖို့ပါပဲ ။နည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့် လိုက်ပါ ။ကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့တဲ့သူတွေ ကိုယ့်အပေါ် ဘယ်လိုပြောစေချင်သလဲ ???အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ ။

၇. တစ်ပါး သူအကြောင်းထက် ကိုယ့်အကြောင်းကိုယ် ပိုသိပါစေ

ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေတာလည်း?ဘယ်ဇာတ်ကား က ဆုံးခန်းရောက် ်တော့မယ် ..ဘယ်သူက ဘယ်သူနဲ့ ရည်းစားဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ ထူးမလာပါဘူး...။သိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ? ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ?ကိုယ်ဘာကိုနှစ်သက်သလဲ ?ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲ ကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ?ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ?

၈.ကိုယ့်ရဲ့အားသန်မှုကို မြှင့်တင်ပါ

အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေရင် အင်မတန် ခက်ခဲ ပင်ပန်း နေမှာပါ ။ကိုယ့်ရဲ့ အားသန် မှုကိုတွေ့အောင်ရှာပြီး တိုးတက်အောင်လုပ်ပစ် လိုက်ပါ..။

၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့

ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ ။
( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရ လာရင်လည်း ၂၀ အောင်မြင်ပြီလို့အောင်ပွဲခံတတ်ပါစေ )ဘာကြောင့်လဲ ဆိုရင် စိတ်ညစ်စိတ်ရှုပ် ဒေါသဖြစ် စိတ်ဆင်းရဲနေရင် ... ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင်လုပ်ဖြစ်တော့မှာလဲ???

၁၀ . "နာကျင်စရာတွေ " အလုံအလောက် ရှာဖွေပါ

တော်ပြီ ဒီလိုဘဝမျိုးတော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမန်လူမဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီး သင့်မှာ Pain - ရှိပြီးသင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင်ပြီးသွားတဲ့ အခါ ကျရင် ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ် ။ပြီးရင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင်ရပါမယ် ။ ဒါဟာ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့ နည်းလမ်း ၁၀ ခုပါလွပ်လပ်မှုဆိုတာလူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့.....။

Credit:သင်သိရင် သင်ချမ်းသာလိမ့်မယ်

 

 

No Internet Connection