အသက် ၃၅ နှစ် ပြည့်တဲ့ အချိန်ထိ
- ခင်ဗျားဟာ တီဗီလေး ကက်ဆက်လေး တစ်လုံးတောင်
- မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို
- သနားနေလိမ့်မယ် မထင်နဲ့။
- ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့်
- ခင်ဗျား ကျရှုံး ခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ
- ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။

 

- ကလေးကွက် နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။
- ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့ အခါရော။
- ဘယ်သူကမှ ခင်ဗျားကို စာနာလို့ ဆိုပြီးတော့
- ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။
- မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။
- ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့
- ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။
- မိသားစု ဆင်းရဲလို့ ချမ်းသာ မလာတာပေါ့။ ဟုတ်သလား။
- အသိပညာ မဆင်းရဲ စမ်းပါနဲ့။
- ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက်
- ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့
- ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။
- ကိုယ်လုပ်တဲ့ အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။
- ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။
- စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။
- ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။
- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ
- နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ ဘူး။ ပျောက်သွားတယ်။
- ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့် ခွန်အားကို
- ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။
- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ
- ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ ကို
- ဆာလောင် မွတ်သိပ် လာတယ်။
- အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။
- အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့ လူဟာ
- ကျရှုံးခဲ့ရင်တောင် အဲဒီ ကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး
- ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့
- ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။
- ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့။
- ဆင်ခြေတွေ ဘေးဖယ် ထားလိုက်စမ်းပါဗျာ။
- ခင်ဗျား ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။
- ငွေပုံ ရှိရာ လမ်းရယ်၊ အိမ် အပြန် လမ်းရယ်။
- နှစ်ခု ထဲက တစ်ခုကို ရွေးရလိမ့်မယ်။
- ရပ် မနေနဲ့နော်။
- ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။

 

- Jack Ma ၏ စကားစုများ
‎Credit- မှတ်စုကြမ်း

No Internet Connection