“မျှတသော လူနေမှုဘဝပုံစံဖြင့် အသက်ရှင်နေထိုင်ပါ” ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်းကို ကြားဖူးကြမှာပါ။
စီးပွားရေးလောကနယ်ပယ်မှာ အောင်မြင်မှုရဖို. မှန်ကန်တဲ့ အလျှော့အတင်း၊ အပေးအယူတွေအကြောင်း ကောင်းစွာ သိရှိမှုဟာ မန်နေဂျာတွေအတွက် အရေးပါလှပါတယ်။

 ဆုံးဖြတ်ချက်ကောင်းကောင်းတွေ ချမှတ်တတ်တဲ့ မန်နေဂျာတွေ အလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းမျိုးမှာပဲ လူတွေရော၊ သင်ရော ရင်းနှီးမြှုပ်နံချင်
ကြပါလိမ့်မယ်။

အလျှော့အတင်း၊ အပေးအယူ လုပ်ရမယ့် အရာတွေကို အကဲဖြတ်ခြင်းနဲ. မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ခြင်းတွေဟာ ဘဝမှာ အရေးကြီးပါတယ်။

ဘယ်အချိန်မှာ စာဖတ်မယ်၊ ဘယ်အချိန်မှာတော့ တီဗီကြည့်မယ်၊ ဒါမှမဟုတ် ဗီဒီယိုဂိမ်းကစားမယ် စသည့်ဖြင့် ရွေးချယ် အချိန်ပေးရတာမျိုးတွေပေါ့။

နေတိုင်းစာဖတ်ဖို.နဲ. အရင်က သင်မသိခဲ့တဲ့ အရာတစ်ခုခုကို သိအောင် ကြိုးစားသင်ယူဖို. အကြံပေးချင်ပါတယ်။

 ဒါကြောင့် မှတ်သား သတိရစေချင်တာက မျှတတဲ့ လူနေမှုဘဝပုံစံ ရရှိနေဖို. အလုပ်နဲ. ကစားအနားယူခြင်းအကြားမှာ

ပေးမယ့်အချိန်တွေကို မျှတအောင် အလျှော့အတင်း ၊ အပိုအလိုပြုလုပ်ရေးဟာ အရေးပါတယ်ဆိုတာပါပဲ။

Ref : Warren Buffet

Credit: Salai Aung Min Hlaing

 

No Internet Connection