မင်းတို့ကို ငါက ရွှံ့တုံး တစ်တုံးစီပေးမယ် မင်းတို့ဘာလုပ်မလဲ "ဆရာကြီးကလည်းကွာ ပေးစရာရှားလို့" လို့ မတွေးနဲ့ မင်းတို့ကို ရွှံ့တုံးပညာ ပေးမလို့။
တစ်ယောက်က ဟာကွာ ရွှံ့တုံးကြီးဘာလုပ်ဖို့လဲဆိုပြီး ဒီအတိုင်းထားမယ်။ ရွှံ့တုံးကို ဒီအတိုင်းထားတော့ ရွှံ့တုံးပဲပေါ့။
တစ်ယောက်က လောက်စာလုံးမယ် ရွှံ့တုံးထက်တော့ လောက်စာလုံးက ပိုတန်ဖိုးရှိမသွားဘူးလား။