မြေကွက်ဝယ်ပြီး အိမ်ဆောက်မယ် ဆိုတဲ့နေရာမှာ သေသေချာချာ ကြည့်ရှုရမယ့် အချက်တွေထဲမှာ အနီးအနားမှာရှိတဲ့ လ ျှပ်စစ်ဓါတ်အားလိုင်းလဲ ပါပါတယ်။

 လ ျှပ်စစ်ဓါတ်အားဌာနက လ ျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းစေရန် အဆောက်အအုံနှင့် ဓါတ်အားလိုင်း ဘယ်လောက်ကွာရမယ်ဆိုတဲ့ အကွာအဝေးတွေကို လ ျှပ်စစ်ဓါတ်အားလိုင်းအမျိုးအစားတွေအလိုက် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

 

 

လ ျှပ်စစ်ဓါတ်အားလိုင်းအမျိုးအစားများမှာ …

 

(၁) 230KV ဗို့အားမြင့်ဓါတ်အားလိုင်း
(၂) 132KV ဗို့အားမြင့်ဓါတ်အားလိုင်း
(၃) 66KV ဗို့အားမြင့်ဓါတ်အားလိုင်း
(၄) 33KV အလတ်စားဓါတ်အားလိုင်း
(၅) 11KV အလတ်စားဓါတ်အားလိုင်း
(၆) 400V အလတ်စားဓါတ်အားလိုင်း
(၇) 230V အနိမ့်စားဗို့အား

 

မှတ်ချက်။ ။ လူကိုအန္တရာယ်ဖြစ်စေနိုင်သော အနည်းဆုံးဗို့အားမှာ (၄၀ဗို့) ဖြစ်ပါသည်။

 

အဆောက်အအုံနှင့် ကွာရမယ့် အကွာအဝေးတွေကတော့ …

 

(က) အဆောက်အဦး အမြင့်ဆုံးနေရာမှ အထက်ကောင်းကင်ဓါတ်ကြိုးများ၏ ဒေါင်လိုက် (vertical) အနည်းဆုံးအကွာအဝေးမှာ

 

(၁) ဗို့အား 1KV မှ 11KV အထိ (၈)ပေ (၂.၄ မီတာ)
(၂) ဗို့အား 33KV ဓါတ်ကြိုး (၁၂)ပေ (၃.၆ မီတာ)
(၃) ဗို့အား 66KV ဓါတ်ကြိုး (၁၃)ပေ (၃.၉ မီတာ)
(၄) ဗို့အား 132KV ဓါတ်ကြိုး (၁၄)ပေ (၄ မီတာ)
(၅) ဗို့အား 230KV ဓါတ်ကြိုး (၁၆)ပေ (၄.၈ မီတာ)

 

(ခ) အဆောက်အဦး အစိပ်အပိုင်းတစ်ခုခုနှင့် ကောင်းကင်ဓါတ်ကြိုးကြား ရေပြင်ညီ (horizontal) အနည်းဆုံးအကွာအဝေးမှာ

 

(၁) ဗို့အား 1KV မှ 6.6KV အထိ (၆)ပေ (၁.၈ မီတာ)
(၂) ဗို့အား 11KV ဓါတ်ကြိုး (၈)ပေ (၂.၄ မီတာ)
(၃) ဗို့အား 33KV ဓါတ်ကြိုး (၁၀)ပေ (၃ မီတာ)
(၄) ဗို့အား 66KV ဓါတ်ကြိုး (၁၅)ပေ (၄.၅ မီတာ)
(၅) ဗို့အား 132KV မှ 230KV ဓါတ်ကြိုးထိ (၅၀)ပေ (၁၅ မီတာ) တို့ဖြစ်ပါတယ်။

 

မြေဝယ်တဲ့အခါ မြေကွက်နှင့်ကပ်ရက် လ ျှပ်စစ်ဓါတ်အားလိုင်း တစ်ခု တွေ့ပါက မြေကွက်နှင့် ဘယ်လောက်ကပ်နေလဲ ကြည့်ရပါမယ်။ ဘယ်လောက် KV လဲလို့ မေးကြည့်ရပါမယ်။ အထူးသဖြင့် ထောင့်မြေကွက်တွေမှာ ဓါတ်တိုင်တွေနှင့် ဓါတ်ကြိုးတွေ နီးနီးကပ်ကပ် ရှိတတ်ပါတယ်။

ဥပမာအားဖြင့် ခြံစည်းရိုးနှင့် ကပ်လျက် ဓါတ်အားလိုင်း ရှိနေမယ် 11KV လောက်လဲ ဖြစ်နေမယ်ဆို အဆောက်အအုံက ဓါတ်ကြိုးနှင့် အနည်းဆုံး ၈ပေကွာရမှာမို့ မြေကွက်ကျယ်ရင် ကိစ္စမရှိပေမယ့် မြေကွက်ကျဉ်းပါက အဆင်မပြေနိုင်ပါ။ အဲဒါကြောင့် မြေကွက်ဝယ်ရာ လ ျှပ်စစ်ဓါတ်အားလိုင်းများလဲ အရေးပါပါတယ်။

 

Photo Credit : Kyi Thar Myint
Ref : လ ျှပ်စစ်ဘာသာရပ်ဆိုင်ရာပို့ချချက်မှတ်စု

 

 

No Internet Connection