Accessibility Tools

  • Content scaling 100%
  • Font size 100%
  • Line height 100%
  • Letter spacing 100%

 

 

နေ့သစ်တစ်နေ့ကို စတင်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တချို့က နံနက်ခင်းလမ်းလျှောက်ပြီး စတင်ကြသလို တချို့ က တရားထိုင်ပြီး စတင်ကြပါတယ်။ တစ်နေ့လုံး စွမ်းအားပြည့် ရှိနေစေမယ့် နေ့သစ်တစ်နေ့ စတင်နည်းကို အကြံပေးပါရစေ။


(၁) နံနက်တိုင်း တူညီသော အချိန်တွင် အိပ်ရာထပါ


နံနက်တိုင်း တူညီတဲ့ အချိန်မှာ အိပ်ရာထတာကြောင့် သင်ကိုယ်တွင်း ဇီဝနရီ ဟန်ချက်ညီပြီး သင့်မျက်နှာက ကြည်လင်နေပါလိမ့်မည်။ နေ့စဉ် တူညီတဲ့ အချိန်မှာ အိပ်ရာဝင်၊ အိပ်ရာထ လုပ်တာကြောင့် ကိုယ်ရော စိတ်ပါ လန်းဆန်းနေပါလိမ့်မယ်။


(၂) ရေချိုးရင်း အကြောဖြေလျှော့ပါ


ကြက်သီးနွေးရေ နဲ့ ရေချိုးတာကြောင့် ကြွက်သားတွေ ကိုပြေလျော့စေပြီး အကြောပြေစေပါတယ် ။
အဲ့ဒီ အခါ သင့်ခန္ဓာကိုယ်က တင်အားတွေ ပြေလျော့ကာ နေ့သစ် တစ်ရက် စတင်ဖို့ အလန်းဆန်းဆုံး ဖြစ်နေပါလိမ့်မယ် ။


(၃) အဆီနည်းပြီး အမျှင်ဓာတ်များသော နံနက်စာ စားပါ


နံနက်စာ ကောင်းကောင်းစားပြီး နေ့သစ်ကို စတင်ပါ။ နံနက်စာမှာ ပရိုတင်း သစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက် နဲ့ ကာဗိုဟိုက်ဒရိုက် ပါတဲ့အစာတွေကိုစားပြီး စိတ်ရော ကိုယ်ပါ အားအင်ပြည့်ဝနေအောင် ကြိုးစားပါ။ နံနက်စာစားတာကြောင့် သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီမျှစေကာ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ပါတယ်။
(၄) လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ ။
နံနက်ခင်းမှာ လက်ဖက်စိမ်း လက်ဖက်ရည် ပူပူတစ်ခွက် သောက်တာကြောင့် အင်တီအောက်ဆီးဒင့် အပြည့်အဝ ရရှိပြီး ကျန်းမာစေပါတယ်။


(၅) ကိုယ်လက်လှုပ်ရှားမှုကို အနည်းဆုံး ငါးမိနစ်ကြာလုပ်ဆောင်ပါ ။


ကြိုးခုန်တာ၊ ပြေးတာ စတဲ့ လေ့ကျင့်နည်းတွေက ငါးမိနစ်ကြာ ပြုလုပ်ပေးရုံနဲ့ သွေးလည်ပတ်မှုကောင်းစေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ် ။


(၆) အရေးကြီးသောကိစ္စများကို အာရုံစိုက်ပါ ။


တစ်နေ့တာ လုပ်ရမည့် ကိစ္စတွေကို နံနက်ကစပြီး အစီအစဉ်အလိုက် ရေးချထားပါ ။ ဦးစားပေးလုပ်ရမည့် အလုပ်ကစပြီး တစ်နေ့လုံးပြီးစီးအောင် လုပ်သွားရမည့် အလုပ်တွေကို ချရေးထားပါက ပို၍အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားပါ လိမ့်မည် ။


(၇) တစ်နေ့တာကို သုံးသပ်ပါ ။


ညနေခင်းမှာ တစ်နေ့လုံး ဘာတွေလုပ်ခဲ့သလဲ ။ ဘာ အမှားအယွင်း ဖြစ်ခဲ့သလဲ ၊ ဘာတွေ တိုးတက်ခဲ့
ပြီးလည်း ၊ အရင်နေ့ နဲ့ ဘာကွာခြားမှုရှိသလဲ ဆိုတာကို ပြန်လည်သုံးသပ်ပါ ။ အမှားကနေ သင်ခန်းစာယူပြီး
အောင်မြင်မှုအတွက် အားတတ်ပါ ။ ဒါဆိုရင် တစ်နေ့ထက်တစ်နေ့ ပိုအဆင်ပြေ တိုးတက်မှု ရှိလာပါလိမ့်မယ် ။


Credit : nwayhtethtetlinn

 

No Internet Connection