၁၊ ဘဝရပ်တည်မှုအတွက် သင်ရတဲ့ပညာ။
၂၊ ဘဝအောင်မြင်မှုအတွက် သင်ယူရတဲ့ပညာ။
၃၊ ဘဝလွတ်မြောက်မှုအတွက်သင်ယူရတဲ့ပညာ ဆိုပြီးတော့သင်ယူရတဲ့ပညာရပ်တွေကွဲပြား
ပါတယ်။
အသက် ၅နှစ်ကနေ ၁၆နှစ်( တက္ကသိုလ်ဝင်တန်း )ထိကာလဟာ တကယ်က ပညာသင်
နေတာမဟုတ်ပါဘူး။ ပညာသင်ရမဲ့အရွယ်လည်းမဟုတ်ပါဘူး။( အထက်ကပြောခဲ့တဲ့ပညာရပ်
တွေအတွက်ပြောတာပါ)။ အဲဒီ ၁-၁၆ ကာလဟာ တကယ့်အသုံးချရမဲ့ ပညာရပ်တွေကို လေ့လာ
ဆည်းပူးသင်ယူဖို့ အခြေခံအချက်အလက်တွေကိုစုဆောင်းရတဲ့ကာလဖြစ်ပါတယ်။
၅နှစ်အရွယ် (၁တန်း)မှာ ၅နှစ်အရွယ်ကလေးငယ်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တဲ့အရာ
တွေကိုသင်ပေးဖို့ပဲလိုပါတယ်။ ကလေးတိုင်းဟာ ရှိသင့်ရှိထိုက်တဲ့အရွယ်မှာ ရှိသင့်ရှိထိုက်တဲ့အတန်း
မှာရှိနေဖို့လိုပါတယ်။ စာမေးပွဲကျလို့ အဲဒီအတန်းမှာ ၂ခါပြန်နေရပြီဆိုရင် ရှိသင့်ရှိထိုက်တဲ့အရွယ်နဲ့
အတန်းမမျှတတော့ပါဘူး။
၆နှစ်သားနဲ့ကိုက်ညီတဲ့ ၂တန်းမှာရှိနေရမဲ့အချိန်မှာ ၅နှစ်သားတွေကိုသင်
တဲ့ ၁တန်းမှာရှိနေခဲ့မယ်ဆိုရင် အဲဒီ ၆နှစ်သားအတွက် သိသင့်သိထိုက်တဲ့အရွယ်မှာ သိသင့်သိထိုက်
တာတွေကိုမသိနိုင်တော့ပါဘူး။ဘဝမှာ ၁နှစ်နောက်ကျကျန်ခဲ့ပါပြီ။
အခြေခံပညာရေးမှာ စာမေးပွဲမလိုပါဘူး။ ပညာရပ်တွေကိုလေ့လာသင်ယူတဲ့အခါမှာ အသင့်ဖြစ်
နေဖို့ အသက်အရွယ်နဲ့လိုက်လျှောညီထွေဖြစ်မဲ့ အခြေခံအချက်အလက်တွေကို စနစ်တကျသင်ကြား
ပေးနိုင်ဖို့သာပဓာနဖြစ်ပါတယ်။ ( ဒါက ဦးဇင်းရဲ့အမြင်ပါ။ )
အသက် ၁၆နှစ်ပြည့်ပြီးတဲ့အခါမှာ...ကျောင်းသားဟာ မိမိဝါသနာပါရာပညာရပ်ကို လေ့လာဆည်းပူး
သင်ယူဖို့ အခြေခံအချက်အလက်တွေပြည့်စုံပြီး အသင့်ဖြစ်နေဖို့ပဲလိုပါတယ်။ ၁၀တန်းမှာ ဂုဏ်ထူး
မလိုပါဘူး။ ပညာရပ်တစ်ခုကိုလေ့လာသင်ယူဖို့ အသင့်ဖြစ်နေဖို့တော့လိုပါတယ်။ အသင့်ဖြစ်မဖြစ်
ဆိုတာကိုတော့ စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။
ဘယ်ပညာရပ်ပဲသင်ယူသင်ယူ အဲဒီပညာရပ်ဟာ အထက်ကပြောခဲ့တဲ့ ပညာရပ်တွေထဲက
တစ်ခုတော့ဖြစ်ရပါမယ်။ တက္ကသိုလ်တစ်ခုခုမှာ ၄နှစ် ၅နှစ်သင်ယူထားတဲ့ပညာရပ်ဟာ မိမိဘဝ
ရပ်တည်မှု၊ မိမိဘဝအောင်မြင်မှု၊ မိမိဘဝလွတ်မြောက်မှုအတွက် အသုံးမဝင်ဖြစ်နေတယ်ဆိုရင်
ပညာသင်ယူခြင်းဟာ အဓိပ္ပါယ်မဲ့သွားတတ်ပါတယ်။ပညာရေးကိုအထင်လည်းသေးသွားတတ်ပါ
တယ်။လောလောဆယ် မြန်မာ့ပညာရေးက အဲဒီလိုဖြစ်နေပါတယ်။
ဦးဇင်းဘဝနဲ့ ဥပမာပေးပါမယ်။ ဦးဇင်းတို့ခေတ်က ၁၀တန်းအောင်တော့ အဝေးသင် ၄နှစ် တက်
ရပါတယ်။ ၁နှစ်ကို အနီးကပ်သင်တန်း ၁၅ရက်ပို့ချပြီး စာမေးပွဲဖြေရပါတယ်။ အဝေးသင်ဆိုတော့
ဝိဇ္ဇာတွဲ. သမိုင်းအဓိကယူလိုက်ပါတယ်။ ၁၅ပုဒ်ကျက် ၄ပုဒ်ပါဖြေအောင် ၁နှစ်ပြီး။ အဒီလိုနဲ့ ၄နှစ်ပြီး
ဘွဲ့ရ။ တတ်မလား မတတ်ဘူးလား စဉ်းစားသာကြည့်ပေတော့။ မတတ်ပဲနဲ့ဘွဲ့ရတာဆိုတော့ ရှက်
တာနဲ့ဒီနေ့ထိ ဘွဲ့မယူရသေးဘူး။ အဲဒီဘွဲ့နဲ့အလုပ်လိုက်ရှာတာ လ္ဘက်ရည်ဆိုင်က စားပွဲထိုးတောင်
မရပါဘူး။ စိုက်ပျိုးရေးသိပ္ပံ.ပွင့်ဖြူမှာ တိ.မွေး.ကု ဒီပလိုမာ ၃နှစ်သင်တန်း တက်ပါတယ်။ အဲဒီ
ဒီပလိုမာလက်မှတ်နဲ့ ဘဝကိုရပ်တည်ခဲ့ပါတယ်။
ဦးဇင်းဘဝအတွက်တော့ သမိုင်းဘွဲ့ဟာ ဘဝရပ်တည်မှု၊ ဘဝအောင်မြင်၊ဘဝလွတ်မြောက်မှု
အတွက် အသုံးမတည့်ခဲ့ပါဘူး။ အတူဘွဲ့ရခဲ့တဲ့သူငယ်ချင်းတွေလည်း တစ်ချို့က စစ်သားဖြစ်၊
တစ်ချို့က ကုန်သည်၊ တစ်ချို့က တောင်သူဖြစ်နဲ့ သူတို့ရတဲ့သမိုင်းဘွဲ့ဟာ နံရံမှာချိတ်ဆွဲလို့ရတဲ့
ဓာတ်ပုံတစ်ပုံအဆင့်ထက်မပိုခဲ့ပါဘူး။
မြန်မာပြည်မှာ ဘွဲ့ရခဲ့တဲ့သူတွေရဲ့ ၇၅%လောက်ဟာ မိမိသင်ယူခဲ့တဲ့ပညာရပ်နဲ့ ဘဝရပ်တည်မှု၊
ဘဝအောင်မြင်မှု၊ ဘဝလွတ်မြောက်မှုတွေကိုရှာဖွေနေကြသူတွေမဟုတ်ကြပါဘူး။သင်ယူခဲ့တဲ့
ပညာရပ်ကတစ်ခြား လုပ်နေတဲ့အလုပ်ကတစ်ခြားဆိုတာကိုတွေ့ရပါလိမ့်မယ်။ ဒါက ပညာရပ်
သင်ယူဖို့ ရွေးချယ်မှုမှားယွင်းခြင်း၊ ပညာရေးမူဝါဒအရ ရွေးချယ်မှုမှားယွင်းခြင်းရဲ့ ရလာဒ်တွေ
ဖြစ်ပါတယ်။
အမှန်တကယ်က ပညာရပ်တွေသင်ယူတော့မယ်ဆိုရင် ဒီပညာရပ်ဟာ...
* မိမိဘဝရပ်တည်မှုအတွက်ဖြစ်ရမယ်။
* မိမိဘဝအောင်မြင်မှုအတွက်ဖြစ်ရမယ်။
* မိမိဘဝလွတ်မြောက်မှုအတွက်ဖြစ်ရမယ်။
သမိုင်းတွေ၊ပထဝီတွေ၊ ဒဿနိက ဘာသာရပ်တွေကို မသင်ယူရဘူးလို့မဆိုလိုပါဘူး။ မိမိဝါသနာ
ပါရင်သင်ပါ။ ဒါပေမဲ့ မိမိနဲ့ အများအတွက် လက်တွေ့အသုံးချနိုင်အောင်သင်ယူဖို့တော့လိုပါတယ်။
လက်တွေ့အသုံးချနိုင်အောင်သင်ယူတတ်မြောက်ထားခြင်းမရှိတဲ့ ဘွဲ့ရတစ်ယောက်အတွက်
မိမိဘဝအတွက် အဲဒီပညာနဲ့ရုန်းကန်ဖို့ခက်ခဲနေတတ်သလို၊ နေရာပေးဖို့ နိုင်ငံတော်မှာလည်း
ဝန်ထုပ်ဝန်ပိုးဖြစ်နေတတ်ပါတယ်။ ဆင်းရဲတွင်းနက်နေတဲ့လက်ရှိနိုင်ငံတော်ရဲ့လိုအပ်ချက်၊
ဘဝရဲ့လိုအပ်ချက်အရ သာမာန်လေ့လာစူးစမ်းစရာ ပညာရပ်တွေထက် မိမိနဲ့အများအတွက်
အသုံးတဲ့မဲ့ ပညာရပ်တွေကိုရွေးချယ်သင်ယူသင့်ပါတယ်။ ယေဘုယျအားဖြင့် သမိုင်းတို့ ပထဝီတို့
စတဲ့ဘာသာရပ်တွေဟာ မိမိကိုယ်တိုင် အားတဲ့အချိန်တိုင်းမှာ လေ့လာသင်ယူနိုင်တဲ့ဘာသာရပ်
တွေဖြစ်ပါတယ်။
ဘဝမှာ ဘယ်လိုပညာရပ်တွေကိုသင်ယူရမလဲဆိုတာကို မင်္ဂလသုတ်မှာ ဟောကြားထားပါတယ်။
" ဗာဟုသစ္စဉ္စ = တတ်ကောင်းတတ်ရာဟူသမျှကို ကြားမြင်သုတရှိပါစေ။
" သိပ္ပဉ္စ = အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေ။
" ဝိနယောစ = လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြားနားလည်စေ။
" သုဘာသိတာစ ယာဝါစာ = မှန်ကန်၊ယဉ်ကျေး၊ ချိုသာအေး ဆိုရေးတတ်ပါစေတဲ့
အဲဒါတွေဟာ လူ့ဘဝမှာသင်ကြားဖို့အတွက်ဟောပြထားတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမသြဝါဒတွေဖြစ်ပါ
တယ်။
စကားတစ်လုံးခြင်းရဲ့အဓိပ္ပါယ်ကိုသေသေချာချာလေ့လာကြည့်ပါ။ရှင်းပြဖို့မလိုလောက်ပါဘူး။
ဦးဇင်းတို့ရဟန်းလောကမှာ ပညာသင်ယူခြင်းဟာ နံပါတ် ၃ ( ဘဝလွတ်မြောက်မှု )အတွက်သာ
ဖြစ်ရပါမယ်။ ဘဝရပ်တည်မှု၊ ဘဝအောင်မြင်မှု၊အတွက်သင်ယူစရာမလိုအပ်ပါဘူး။ အားမနာတမ်း
ပြောရရင် ယခုခေတ်ရဟန်းတော် တော်တော်များများဟာ ၁ နဲ့ ၂ အတွက်သာပညာသင်ယူမှုများ
နေတာတွေ့ရပါတယ်။ ဘဝလွတ်မြောက်မှုအတွက်ပညာသင်ယူခြင်းဟာ ရှားပါးလာပါတယ်။
နံပါတ် ၃ သင်ယူမှုသည်သာ ဗုဒ္ဓအလိုကျသင်ယူမှုဖြစ်ပါတယ်။
ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဘဝအတွက်၊ နိုင်ငံအတွက် အသုံးတည့်မဲ့ပညာ
တွေကို သင်ယူပါဆိုတာ ဗုဒ္ဓဝါဒနဲ့ မဆန့်ကျင်တဲ့၊ကိုက်ညီတဲ့ စကားဖြစ်ပါတယ်။
" မှန်ကန်စွာ ရွေးချယ်သင်ယူနိုင်ကြပါစေ။ "
Credit : အရှင်ဥတ္တမ ( တွင်းမ )